အချစ်ဟာ
တိမ်လိုပျောက်ကွယ်အိပ်မက်နှယ်သို့ 
ဘ၀မှာမရေရာဘူး….
အချစ်ဟာ
စိတ်ကိုဖိစီး
တွေဝေခြင်းနဲ့ 
ကိုယ်ကိုနှိပ်စက်
အိပ်လို့ မပျော်ဘူး….
အချစ်ဟာ
အတ္တရံမီး
ခရီးကြမ်းကို
ဝေးနီးမမြင်
စိတ်အထင်နဲ့ 
ဆင်ခြင်ဥာဏ်မဲ့ ခရီးဆက်စေခဲ့ ….
အချစ်ဟာ
မာယာညွှန့် ကွင်း
ဒုက္ခတွင်းသို့ 
ဆင်းသက်ပျော်ပါး
အိပ်မက်များပမာ
မက်ပြီးမက်လာ
အခါခါလျှင်
ဘယ်မှာအဆုံးသတ်နိုင်မှာလိမ့် ….
မာယာညွှန့် ကွင်း
ဒုက္ခတွင်းသို့ 
ဆင်းသက်ပျော်ပါး
အိပ်မက်များပမာ
မက်ပြီးမက်လာ
အခါခါလျှင်
ဘယ်မှာအဆုံးသတ်နိုင်မှာလိမ့် ….
0 comments:
Post a Comment