မြန်မာပြည်ရဲ့တောင်ဘက်စွန်း
ကျွန်းကလေးများစွာ တကယ်ပဲပေါများတယ်
ခေါ်တွင်ပါတယ် ရှေးက "မာရိတ်" တဲ့
လာစေချင်တယ် ကားလေးစီးလို့ရယ်..
လည်စရာတွေရယ် တကယ်ပဲပေါ
ပုလဲကျွန်းသွားမယ် လှေကလေးစီးလို့ရယ်
အတူတူလည်ကာ လျှောက်လို့ဖူးကြမယ်
"ပေါ်တော်မူ"
"သိမ်တော်ကြီး" ဘုရားများဝယ်...
ကြည်နူးဖွယ်..ပင်လယ်လေညှင်းရယ်
ပုလဲမြို့တော် ထင်ပေါ်ကျော်ကြားတယ်
လှမ်းခဲ့ကွယ် ကြိုဆိုလက်ကမ်းမယ်
အပေါင်းသင်းတို့ရေ အမြဲတမ်းဖိတ်ခေါ်တယ်..
"ဘိတ်သူ"
လေးတွေတကယ်ပဲချော
စကားလဲဝဲတယ် ယဉ်ကျေးလွန်းလှတယ်
ဖော်ရွေကာရယ်ဧည့်ဝတ်ကျေလို့ရယ်
မပြန်ချင်အောင်ကွယ် ရင်ထဲစွဲသွားမယ်...။
(မိတ်ဆွေသူငယ်ချင်းများအားလုံး
ကျွန်တော်တို့မြို့ ကိုလာလည်ဖို့
လှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်)
ကိုမဲ့ 